Skip to content
Yan Naing Aye edited this page Jun 20, 2017 · 6 revisions

မြန်မာပြက္ခဒိန်

သင်္ကြန်အချိန်အခါ

မြန်မာ နှစ်သစ်တနှစ်၏ သင်္ကြန် ကျချိန်၊ တက်ချိန် နှင့် သင်္ကြန်ရက် များအား အင်္ဂလိပ် ရက်စွဲ ဖြင့်ပြပေးသော သင်္ကြန်တွက်စက်ကို အောက်ပါလင့်ခ်တွင် တွေ့နိုင်သည်။

https://yan9a.github.io/mcal/Thingyan.htm

နဂါးခေါင်းလှည့်

ညအခါကောင်းကင်တွင် အမှုန် အငွေ့ အတန်း ကြီး သဖွယ် မြင်ရသည့် နဂါးငွေ့တန်း ဂလက်ဆီ (Milky Way Galaxy) ကြီး ဦးလှည့်ရာ အရပ်အား နဂါးခေါင်းလှည့် သည့်အရပ်ဟု ခေါ်သည်။

နက္ခတ်

မြန်မာ မွေး သက္ကရာဇ် ကို ၃ ဖြင့် စား၍၊ ၁ ကြွင်းပါက နတ် နက္ခတ်၊ ၂ ကြွင်းပါက လူ နက္ခတ်၊ ၀ ကြွင်းပါက ဘီလူး နက္ခတ် ဟု ဆိုကြသည်။

မဟာဘုတ်

မိမိမွေးသည့်ရက်၏ မဟာဘုတ်ကို တွက်လိုပါက အောက်ပါလင့်ခ်တွင် တွက်နိုင်သည်။

https://yan9a.github.io/mcal/mbote.htm